နည်းပညာ
Software တွေ မျှဝေပြီး ကျွန်တော်သိသမျှလေးတွေရေးထားပါတယ်
စာပေ
ဝါသနာပါရာကဗျာလေးတွေစာတိုပေစလေးတွေကို ရေးတတ်သလိုရေးမိတယ်
စိတ်ထွက်ပေါက်
စိတ်ထဲခံစားနေရတာတွေမျိုသိပ်ထားမယ့်အစား ကိုယ့်နည်းကို့ဟန်နဲ့ ဖွင့်ချလိုက်တော့ ပေါ့ပါးသွားတာ့ပေါဗျာ
အမှတ်တရများ
အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေနဲ့ Photoshop လက်ရာလေးတွေ
CMS
Open Source CMS အကြောင်းလေးတွေကို သိသလောက် ရေးထားတာပါ
Wednesday, November 23, 2011
Saturday, November 5, 2011
Desktop Icon Toy
Desktop Icon Toy Software လေးပါ ကျွန်တော်သုံးနေတာတော့ တော်တော်ကြီးကို ကြာနေပါပြီ ။
မရှိသေးတဲ့သူများအတွက်တင်ပေးလိုက်တာပါ ။ ဘာတွေသုံးလို့ကောင်းလည်းဆိုတော့ Desktop ပေါ်မှာတင်ထားတဲ့
Icon တွေကို သင့်စိတ်ကြိုက်ပုံစံလေးတွေပြောင်းထားလို့ရပါတယ် ။ သိပ်ညွှန်းမနေတော့ဘူး Download ဆွဲပြီးတော့သာ
သုံးကြည့်လိုက်ကြပါခင်ဗျာ။ Desktop Icon Toy လေးသုံးပြီး မိမိကွန်ပျူတာကို အလှဆင်ကြည့်ကြတာပေါ့ ။
Serial Key လေးပါပါတယ်ခင်ဗျ ..။
http://www.ziddu.com/download/17114663/DesktopIconToy.rar.html
Tuesday, November 1, 2011
Disk Write-Protected Error
USB အသုံးပြုတဲ့အခါမှာ အဖြစ်များတဲ့ ပြသနာလေးတစ်ခုပါ။ ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USBကိုတွေ့ပြီး
ဘာမှကူးလို့လည်းမရ ၊ ဘာမှလုပ်လို့မရတဲ့အခါမျိုးမှာ ဖြေရှင်းဖို့နည်းလမ်းလေးပါ။
Start ==> Run (or ) Win+R Key ====> regedit ကိုသွားပါ ။
HKEY_LOCAL_MACHINE===> SYSTEM CurrentControlSet =====> Control ကိုရှာလိုက်ပါ ။
Control ပေါ်မှာ right-click နှိပ်ပြီး New ===> Key ကိုရွေးလိုက်ပါ ။
StorageDevicePolicies ဟုအမည်ပေးလိုက်ပါ ။
StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click နှိပ်ကာ New မှ DWORD ကို
Click ပေးပြီး WriteProtectဟု အမည်ပေးလိုက်ပါ။
WriteProtect မှာ Double click ( or ) Right Click နှိပ်ပြီး Modify မှ Valueကို0 ထည့်ပေးလိုက်ပါ ။
Registry Editorကို ပိတ်ပြီး USBကို ပြန်ထည့်ကာအသုံးပြုလိုက်ပါ ။

Monday, October 31, 2011
Windows7 အတွက် Command Key အသစ်များ
Windowss7 မှာပါလာတဲ့ command Key အသစ်များကို ကျွန်တော်သိသလောက်ပြန်လည်မျှဝေလိုက်ပါတယ်။
၁. Authorization Manager= azman.msc
၂. Control Panel = control
၃. Computer Management = compmgmt.msc = CompMgmtLauncher
၎. Downloads = Downloads
၅. Defragment User Interface = dfrgui
၆. Ditilizer Calibration Tool = tabcal
၇. DPI Scaling = dpiscaling
၈. Driver Package Installer = dpinst
၉. DVD Player = dvdplay
၁၀. Encryption File System = rekeywiz
၁၁.Fax Cover Sheet Editor = fxscover
၁၂. iSCSI Initiator = iscsicpl
၁၃. Microsoft Support Diagnostic Tool = msdt
၁၄. ODBC Data Source Administrator = odbcad32
၁၅. Optional Features Manager = optionalfeatures
၁၆. Printer Migration = PrintBrmUi
၁၇. Remote Assistance = msra
၁၈. Snipping Tool = snippingtool
၁၉. Sound Recorder = soundrecorder
၂၀. Sound Volume = sndvol
၂၁.Stored User Names and Passwords = credwiz
၂၂. Sticky Note = StikyNot
၂၃. Trusted Platform Module = TpmInit
၂၄. Windows Activation = slui
၂၅. Windows Backup Utility = sdclt
၂၆. Windows Fax and Scan = wfs
၂၇. Windows Firewall with Advanced Security = wf.msc
၂၈. Windows Image Acquisition = wiaacmgr
၂၉. Windows Update App Manager = wuapp
၃၀. Windows Standalong Update Manager = wusa
၃၁. Windows Share Creation Wizard = shrpubw

Friday, October 28, 2011
Disable Error Reporting
Programs (သို့) Applications တစ်ခုခုကို အသုံးပြုနေစဉ်အတွင်း error တစ်ခုခုကြောင့်ဖြစ်ဖြစ်
မိမိအသုံးပြုနေသော Programs (သို့) Applications နှင့် Websites များကြား ဖြစ်တတ်သော
error code များကြောင့်လည်းကောင်း send / Don’t send error များခဏခဏကြုံဘူးကြပါမည်။
ထိုပြသာနာကို ဖြေရှင်းရန်အကြောင်းက ၂ ချက်ပဲရှိပါတယ်။ ပြသာနာကိုရဲ့အဖြေကို ရှာရှာ မရှာရှာ
send / Don’t send တစ်ခုခုကိုတော့ ပေးရမည်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ error ကိုမတက်လာစေဖို့
ပြုလုပ်ထားတာပဲ ကောင်းမည်ထင်ပါတယ်။
My Computer===> Rightclick ==> Properties==> Advanced tab > error reporting မှ
disable error reporting ကို Uncheck ပေးလိုက်ပါ။

Registry အကြောင်းတစေ့တစောင်း
ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေ၏
Wallpaper, Screen Saver တွေကအစ Registry မှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။
Registry တွေကို သိချင်တယ် ၊ ပြင်ချင်တယ်ဆိုရင်ဖြင့် Start Run ဒါမှမဟုတ် Window နှင့် R Key ကို
တွဲနှိပ်ပြီး Run Box တွင် regedit လို့ ရိုက်ထည့်ကာ OK ပေးလိုက်ပါ ။
Registry Editor ပေါ်လာမှာဖြစ်ပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini
တို့လို Notepad, Text Editor တွေနဲ့ ပြင်လို့မရပါဘူး။
Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Resource Hacker အသုံးပြုပြီး
Windows Registry တိုက်ရိုက်ဝင်ပြီး Setting လုပ်တာ ဖြစ်ပါတယ် ။
Registry မှာ အဓိကအုပ်စု( ၆ ) ခု ရှိပါတယ်။
HKEY-CLASSES-ROOT
Hkey-Classes Root ဆိုတာကတော့ window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို
သတ်မှတ်ပေးတာပါ။ Class Object ဆိုတာမျိုးတူ Functionအုပ်စုတွေရဲ့နာမည်ဖြစ်ပါတယ် ။
HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference (wallpaper,screen
saver,etc.) နဲ့ တစ်ဦးချင်း မိမိစိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ User တစ်ယောက်ချင်းစီမှ သတ်မှတ်ထားတဲ့
Perferenceတွေကို HKEY-CURRENTUSERထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User တွေ၏
Personalized Settingတွေကို Hkey-CurrentUser မှာသိမ်းဆည်းထားတာ ဖြစ်ပါတယ် ။
HKEY-LOCAL-MACHINE
Hkey-Local-Machine ဆိုတာကတော့ User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ
Data (အချက်အလက်) တွေကိုသိမ်းဆည်းထားတာဖြစ်ပါတယ်။
ကွန်ပျူတာမှာရှိတဲ့ပစ္စည်းတိုင်းရဲ့အကြောင်းအရာတွေတပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှကိုသိမ်းထားပါတယ်။
HKEY-USERS
Hkey -Users ဆိုတာကတော့ အကယ်၍ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင်
လက်ရှိအသုံးပြုနေတဲ့အကြောင်းအရာတွေကို သိမ်းဆည်းပေးထားတဲ့နေရာဖြစ်ပါတယ် ။
ဥပမာ- ကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထားတယ်ဆိုပါစို့ ။ ဒါပေမယ့် အခုလက်ရှိ
အသုံးပြုနေတာက Monitor နှစ်လုံးထဲက တစ်လုံးကိုပဲ အသုံးပြုနေတယ် ။
Hkey-Users မှာ လက်ရှိအသုံးပြုနေတဲ့ Monitor နှင့်ပတ်သတ်တဲ့ Values တွေကို သိမ်းဆည်းပေးထားတာ
ဖြစ်ပါတယ်။
HKEY-DYN-DATA
Hkey-Dyn-Data ဆိုတာကတော့ ကွန်ပျူတာကို အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို
RAMပေါ်တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ် ။
Boot လုပ်တဲ့အကြိမ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ် ။
သတိပြုရမယ့် အချက်ကတော့ Regedit နှင့် Regedit 32 ဆိုပြီး နှစ်မျိုးရှိပါတယ်။ Regedition
ကိုအသုံးများကြပါတယ် ။
အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာRegedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ
အသုံးများတာပါ။ Windows XP မှာတော့ Hkey-Dyn-Data ကို တွေ့မြင်ရမှာမဟုတ်ပါဘူး ။

- HKEY-CLASSES-ROOT
- HKEY-CURRENT-USER
- HKEY-LOCAL-MACHINE
- HKEY-USERS
- HKEY-CURRENT-CONFIG
- HKEY-DYN-DATA

Sunday, October 2, 2011
CDချပ်လေးဆွဲကြမယ်

Photoshop tutorial လည်းမရေးဖြစ်တာ တော်တော်ကြာသွားတာနဲ့ ဒီတခါတော့ CD
ချပ်ပုံစံပြုလုပ်တာ ရေးလိုက်ပါတယ် ။
Background Contents မှာ White ကို ရွေးပေးလိုက်ပါ ။
Layer အသစ်တခု ယူပြီး U Key နှိပ်ပြီး Circle Shape ကို ရွေးလိုက်ပါ ။ Color ကိုတော့
#999391 လောက်ထားလိုက်ပါ ။

ထို့နောက် Layer နောက်ထပ် ၁ ခု ထပ်ဖွင့်ကာ Circle Shape ကိုပဲရွေးပြီး Color ကိုတော့ #d6d6d6
ထားပြီးShape 1 ရဲ့ အလယ်မှာ ဆွဲလိုက်ပါ ။

color #f5f3f3 ထားပြီး နောက်ထပ် circle frame shape 1ခု ထပ်ဆွဲလိုက်ပါအုံး ။

CD ချပ်ခွေ ဘေးလိုင်းလေးတွေ ပြုလုပ်ဖို့အတွက် Square Shape ကို ဆွဲလိုက်ပါ ။

Move too ကို သုံးပြီး အနေတော် အနေအထားသို့ ထားလိုက်ပါ ။ Transform Tool မှ Perspective ကို
သုံးပြီး အောက်ပါပုံအတိုင်းဖြစ်ရရှိလာအောင် လုပ်လိုက်ပါ ။

Ctrl နှင့် J Key ကိုနှိပ်ပြီး Shape4 ကို copy ကူးလိုက်ပါ ။ ထို့နောက် move tool နှင့်
မျက်နှာချင်းဆိုင်သို့ ရွှေ့ပြီး Transform Flip Vertical ကို နှိပ်လိုက်ပါ ။

ထို့နောက် brush tool ကိုသုံးပြီး သင့်တော်တဲ့ အရွယ်အစား အရောင်တွေကို အသုံးပြုပြီး brush ပွတ်ပေးလိုက်ပါ ။
Filet Menu မှ Gaussian Blur ကို သုံးလိုက်ပါ ။
Shape 1 Layer ကို သွားလိုက်ပါ ။ Layer ===> Layer Style ===> Stroke ကို နှိပ်လိုက်ပါ ။
အောက်ပါ ပုံအတိုင်း ရွေးပေးလိုက်ပါတယ် ။

Layer Style ===> Drop Shadow မှာလည်း အောက်ပါ ပုံ အတိုင်း ပြုလုပ်လိုက်ပါ ။

နောက် Shape 2 Layer ကို ဆက်ရွေးပေးလိုက်ပါတယ် ။ Layer ===> LayerStyle===> Bevel and
Emboss မှာ အောက်ပါအတိုင်း ရွေးလိုက်ပါတယ် ။

Shape 3 Layer မှာလည်းပဲ Layer Style မှာ Drop Shadow ကို အောက်ပါပုံအတိုင်း
အသုံးပြူလိုက်တဲ့အခါ အခုလိုပုံစံလေးကို ရရှိလာမှာ ဖြစ်ပါတယ်။

ကျွန်တော်ခုရေးပြတာလေးက ပြုလုပ်ပုံစံနည်းလမ်းလေးပါ ။ သင့်အနေနဲ့ ကိုယ့်စိတ်ကူးနဲ့ အရောင်တွေ
နောက် စိတ်ကူးရှိတဲ့ ပုံစံတွေ ထပ်လုပ်လိုက်ရင် တကယ့်ပုံစံနဲ့ မခြား CDချပ် ပုံ ရရှိမှာ ဖြစ်ပါတယ် ။